ကမာရွတ် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ၏ ဦးဆောင်မှု့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးအဖွဲ့ဝင်များ၊ ခရိုင်နှင်မြို့နယ်မိခင်နှင့် ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဠနှင့် အဖွဲ့ဝင်များမှသည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) Vaccine ကို ထိုးနှံပေးနေမှုကို သွားရောက်အားပေးခဲ့သည်။
ထိုသို့ထိုးနှံဆောင်ရွက်ရာတွင် ဒေါက်တာသင်းသင်းနိုင်က အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာ့တစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်များသော ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများစသည်တို့ကို ကျောင်းသူများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ) ကာကွယ်ဆေးအား ကမာရွတ်တွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်ထက်မကျော်သော (၁-၉-၂၀၁၁) ရက်နေ့မှ (၃၁-၈-၂၀၁၄) နှစ်အတွင်းမွေးဖွားသည့် မိန်းကလေးငယ်များအား စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း အပြီးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်ဆက်)