ဒဂုံမြို့သစ်‌ (မြောက်ပိုင်း) မြို့နယ်တွင် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံ

ဒဂုံမြောက် စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီက  အမှတ် (၂) ရပ်ကွက်၊ အောင်ရတနာလမ်းရှိ အမှတ် (၁၀) မူလတန်းကျောင်းတွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ဉမ္မာလွင်နှင့်ဆရာမများက ကာကွယ်ဆေးထိုးနှံပေးမည့် အသက်အရွယ်အလိုက် စာရင်းပြုစုထားသည့် ကျောင်းသူ (၅၁) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၁.၉.၂၀၁၁ မှ ၃၁.၈.၂၀၁၄ အတွင်းမွေးဖွားပြီး အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်သည်။  ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၈ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်း ဆေးထိုးနှံမည့်သူ (၁၈၉၇) ဦးရှိကြောင်း မြို့နယ် ပညာရေးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)