ပလောက် စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ပြည်သူ့ ကျန်းမားရေးဌာနမှ ဝန်ထမ်းများသည် ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သောကျောင်းသူများအား ယမန်နေ့နေ့လယ် ၁ နာရီအချိန်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကိုထိုးနှံပေးခဲ့သည်။
ထိုသို့ထိုးနှံပေးရာတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၁)ရက် နေ့မှ ၂၀၁၄ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်ကျောင်းသူများ အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ကို ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဆရာမများနှင့်အတူ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်း ဆရာမများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)