မာန်အောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပ

မာန်အောင်  စက်တင်ဘာ  ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ()နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့၊ ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်း ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် ၂၀၂၃-၂၀၂၄-ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်ကျေးရွာ()ရွာဖြစ်သည့် သစ်ပုံအနောက်ပါးကျေးရွာ၊ မိမ္မကြွယ်ကျေးရွာ၊ ဘုတ်မျက်တောကျေးရွာ၊ ပန်းခြံချောင်းနားကျေးရွာ၊ မင်းပြင်ရွာသစ်ကျေးရွာနှင့် ဗျိုင်းကျွန်းကျေးရွာများမှ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများအား တစ်ရွာလျှင် ကျပ်သိန်း(၁၅၀)နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း(၉၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ရန်ပုံငွေပေးအပ်ပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)