သတင်းများ

ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ
Sep 20,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Sep 20,2023
ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လစဉ် လတိုင်း စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၇)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ဒေသခံစာဖတ်ဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
မြစ်ကြီးနားမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါန စုပေါင်းသွေး လှူဒါန်းပွဲကျင်းပ
Sep 20,2023
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူခန်းမတွင် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များက ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
မြဝတီမြို့၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်
Sep 20,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာ စိုက်ပျိုးမည့်   တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက  မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည်။
ကမမောင်းမြို့ထွက် ငှက်ပျောများ ရောင်းအားကောင်း
Sep 20,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထက်မီးဇိုင်းကျေးရွာတွင် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီး ထွက်ရှိသည့် ငှက်ပျောများကို ကမမောင်းဈေးတွင်ရောင်းချကြသကဲ့သို့ ငှက်ပျောပွဲစားများက ခြံများအထိ လာရောက်ဝယ်ယူကြခြင်းများလည်းရှိသည့်အတွက် ငှက်ပျောများ ရောင်းအားကောင်းလျက်ရှိကြောင်း အထက်မီးဇိုင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်၊ ကျောင်းသား/သူများကို ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရန်၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားအတိုင်းနောင်တချိန်နိုင်ငံတာဝန်များကို ပုခုံးလွှဲပြောင်းယူမည့် ယနေ့ခေတ်လူငယ်များကို အသိပညာ၊ ဗဟုသုတတိုးတက်ဖွံဖြိုးရေးနှင့် စကားပြောစွမ်းရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
ပြည်မြို့ အ.ထ.က (၅) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ
Sep 20,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ"ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
နတ်မောက်မြို့နယ်၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေး ဆောင်ရွက်
Sep 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။