မြစ်ကြီးနား စက်တင်ဘာ ၂၀
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉နာရီက မြစ်ကြီးနားမြို့ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူခန်းမတွင် အမှတ် (၃၀) လုံခြုံရေး ရဲတပ်ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များက ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်းပွဲတွင် ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ အုပ်ကြီး သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ သန်းထွန်းအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြစ်ကြီးနားမြို့ အမှတ် (၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ အရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် (၃၄)ဦးက သွေးမျိုးစုံ အိတ်ပေါင်း (၃၄) အိတ်အား ဖောက်ထုတ်လှူဒါန်းခဲ့ကြသည်။
အမှတ်(၃၀)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ နှစ်စဉ်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲများအား ကျင်းပခဲ့ရာ ယနေ့အထိ (၁၁) ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံများတွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)