သတင်းများ

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေပေးအပ်ပွဲ ကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရန်အတွက် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၌ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် အထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၌ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများစာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အ‌မြော်အမြင်များအား မျှဝေတတ်စေရန် စာပေမှရသောအသိအမြင်ဗဟုသုတများကို အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်းမြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားဒေသတွင် စိုက်ပျိုးမည့် မျိုးအာလူးလိုအပ်ချက် မြင့်မားလျက်ရှိ
Sep 20,2023
 ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ အာလူးစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့် အာလူးမျိုး လိုအပ်ချက် မြင့်မားသည့်အတွက် နိုင်ငံခြားမှ တင်သွင်းနေရကြောင်း အာလူးစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
မော်လိုက်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းတည့် (၁၂)နာရီခွဲက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား(HPV)ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအကြောင်း ဟောပြောပွဲကျင်းပ
Sep 20,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က အ.လ.က(ခွဲ) ဈေးပိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။