မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန့်ဟီးရိုး စက်တင်ဘာ ၂၀

ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လစဉ် လတိုင်း စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၇)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ဒေသခံစာဖတ်ဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာဖတ်ဝါသနာရှင်များကို မန်ဟီးရိုးမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မာမာအောင်က လစဉ်လတိုင်း စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို ပြောကြားခဲ့ပါသည်။ ထို့နောက် စာရေးဆရာ ဦးအောင်သင်း၏ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ပြီး စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ငယ်များကို တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြကာ မြို့ဦးစီးမှူးနှင့် အပြန်အလှန် မိမိတို့၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို ပြောကြားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)