မိုးမောက် စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ အလင်းကောင်ရပ်ကွက် စည်ပင်သာယာဈေးရှေ့တွင် မိုးမောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျား၊ မအခြေပြုအကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်များကို စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါကျားမအခြေပြုအကြမ်းဖက်မှု အသိပညာပေးစာစောင်ကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်လေ့လာနိုင်စေရန်ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်း စာစောင်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများသည် နေရာမရွေး အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှုအမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းရင်း၊ အများဆုံး
ဖြစ်ပွားတတ်သည့်အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုအကျိုးဆက်များ၊ ကျား၊မအခြေပြု အကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်ကြားနိုင်သည့်နည်းလမ်းများစသည့် ပြည်သူများသိသင့်သိထိုက် သည်များကို ရေးသားဖော်ပြထားကြောင်းနှင့် အဆိုပါအသိပညာပေးလက်ကမ်းစာစောင် စောင်ရေ (၂၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)