ရပ်စောက် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကျေးရွာအုပ်စု(၆)အုပ်စုမှ မြို့ဦး(၁)၊ ဆပ်မြို့ရွာဟောင်း၊ ဂနိုင်ကြား၊ ရေဖြူ၊ ပါပန်း၊ နားခဲကြီး၊ ဝန်စို(ရွာသစ်)၊ ဟင်းခါးကုန်းကျေးရွာများသို့ တွင်းနက်တူးဖော်ခြင်းနှင့် ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ပညာရေးဝန်ထမ်းအိမ်ရာ ပြုပြင်မွမ်းမံခြင်းနှင့် မြေထိန်းနံရံပြုလုပ်ခြင်း၊ ရွာတွင်းဖြန့်ဝေလိုင်း သွယ်တန်းခြင်း၊ ပညာရေးဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊ ကျေးရွာတွင်ကွန်ကရစ်လမ်းခင်းခြင်း၊ တံတားချည်းကပ်လမ်း မြေထိန်းနံရံပြုလုပ်ခြင်း၊ လမ်းသဲဗြုန်းခင်းခြင်း၊ စိမ့်စမ်း(အမြှင့်တင်)ရေသွယ်ယူခြင်းစသည့် လုပ်ငန်း(၉)ခုတို့အတွက် တစ်ရွာလျှင် ငွေကျပ်(၁၅၀)သိန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၁၂၀၀)သိန်းတို့ကို ပေးအပ်ရာ အဆိုပါ ကျေးရွာများ မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကော်မတီဝင်များမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောက်တော ခေတ်မီစံပြကျေးရွာသို့ ဒေသ ဝက်မွေးမြူရေးအတွက် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေကျပ်(၁၀၀)သိန်းအားပေးအပ်ရာ ကျေးရွာ(RBF)လုပ်ငန်းအဖွဲ့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)