တုံတာ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် တုံတာမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ တုံတာမြို့ပေါ်ရှိ ကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ ထိုးနှံပေးမည်ဖြစ်ရာ 2nd dose ထိုးနှံပေးပြီး၊ တုံတာမြို့၊ မြို့အုပ်ရေးမှူး ဦးခင်မောင်လတ်နှင့် တုံတာမြို့၊ မြို့ပေါ်ကျောင်းများမှ ဆရာ၊ ဆရာမများက ကြည့်ရှုအားပေး စောင့်ရှောက်ခဲ့ကြသည်။
ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက်ထိုးနှံပေးရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြတ်မွန်(ပြန်/ဆက်)