အမာမြို့ မြို့ပေါ်ရပ်ကွက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုဘိုင်းစာအုပ်ငှားရမ်းပေးခြင်း ဆောင်ရွက်

အမာ စက်တင်ဘာ ၂၀

အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံပြည်သူများ အသိပညာဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ စာအုပ်၊ စာစောင်များ မိုဘိုင်းငှားရမ်းပေးခြင်း ဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၃)  ရပ်ကွက်နှင့် အမှတ် (၄)ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ပြည်သူလူထုများအား နည်းလမ်းအမျိုးမျိုး ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာအုပ်၊ စာပေချစ်မြတ်နိုးသူများ၊ စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင်သူများအတွက် နယ်လှည့် မိုဘိုင်း စာအုပ် ငှားရမ်းပေးခြင်းဖြင့် စာဖတ်နှုန်းဦးရေတိုးပွားရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစာအုပ်ငှားရမ်းရာ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ၊ ကလေး အကြိုက်စာအုပ်များ၊ လူကြီးအကြိုက် စာအုပ်များ စသည့်  စာအုပ်အမျိုးအစားအစုံအလင်ယူဆောင်ပြီး စာပေဝါသနာရှင်များထံသို့ မိုဘိုင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်