ကျောက်ပန်းတောင်း ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက၊ နိုင်ငံ့ဝန်ထမ်း အငြိမ်စားများ၊ ပင်စင်ထုတ်ယူရာတွင် ပိုမိုလျှင်မြန်လွယ်ကူစွာ ထုတ်ယူရရှိနိုင်စေရေးအတွက်၊ UID (Unioue Identity) (ခေါ်) Smart Card များကို၊ ယမန်နေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်ထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်း၊ လက်ဗွေများအား Scan ဖတ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်း၍ UID နံပါတ်များကိုရယူပြီး၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension အစီအစဉ်တွင် ထည့်သွင်းနိုင်ရန် UID (Unioue Identity) (ခေါ်) Smart Card ၊ နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ဦးရေ (၄၅၁)ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)