ချမ်အေးသာစံ ဇူလိုင် ၂၄
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ဦးစီး၍ မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက (၁၂)ကြိမ်မြောက်(တတိယပတ်) စုပေါင်းဘုံ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် မဟာဝိသုဒ္ဓါရုံတိုက်သစ်မှ သံဃာတော်အရှင်သူမြတ် အပါး (၂၅၀) တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့နှင့်မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေး အသင်းတာဝန်ရှိသူများက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ် လောင်းလှူကြကြောင်း သိရသည်။
ချမ်းမြေ့မောင်