သံဖြူဇရပ် ဇူလိုင် ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဇူလိုင် ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှ်ိဒေါ်အေးအေးသီက ယခုဖွင့်လှစ်သည့်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် သင်တန်းကိုတက်ရောက်ခဲ့ကြသည့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမများအနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဆွေးနွေးမှုများအပေါ် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ကြစေရေး၊ အခြေခံပညာကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှသာလျှင် အနာဂတ်နိုင်ငံတော်ကို ကောင်းမွန်စွာဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ဆက်လက်ပို့ချရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသီနှင့် ဒုတိယဦးစီးမှူးဒေါ်သင်းသင်းမော်တို့က စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းများ၊ စာကြည့်တိုက်ရှိ စာအုပ်များ ပြုစုထိန်းသိမ်းခြင်းနှင့်စစ်ဆေးခြင်းများကို စာတွေ့လက်တွေ့သင်ကြားပြသပေးပြီး တက်ရောက်လာကြသည့်ကျောင်းစာကြည့်တိုက်များမှ တာဝန်ခံဆရာ၊ ဆရာမများက မိမိတို့စာကြည့်တိုက်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များကို အပြန်အလှန်ဆွေးနွေးသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အလယ်တန်းကျောင်း (ခွဲ)များမှ စာကြည့်တိုက်တာဝန်ခံဆရာ၊ ဆရာမ ၂၀ ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ဇူလိုင် ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၂ ရက်တာလ နေ့စဥ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာတွေ့လက်တွေ့ သင် ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)