သတင်းများ

လောက်ကိုင်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနားကျင်းပ
Sep 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်ထွန်းငြိမ်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က  အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးခန်းမတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းငေါ့တွင် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်
Sep 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် လူကုန်ကူးမှုတာဆီး ကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲကို ယ‌မန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ခရမ်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ
Sep 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်တို့ စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 17,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
တွံတေးမြို့နယ် အ.ထ.က (ဘုရားကြီး) ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကြီး) စံပါယ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကျင်းပ
Sep 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို   စမ်းချောင်းမြို့နယ်၊  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့၊ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မြဝတီမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 17,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
သံတွဲမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Sep 17,2023
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကသွင်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန် “လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး”ဟူသည့် ဦးတည်ချက်နှင့်အညီဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂း၃၀ နာရီက သံတွဲမြို့ အ.ထ.က(ခွဲ)မြို့မကျောင်း၌ ကျင်းပပြုလုပ်သည်။