ခရမ်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်တို့ စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Women Club မှ အဖွဲ့ဝင်ဒေါ်သန်သန်းအေးက စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ထဲမှ “သိုက်မြုံမှခွာသောအခါ” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးရာတွင် သားသမီးများငယ်စဉ်က သဲပုံမှာအိမ်ဆောက်တမ်းကစားကြတာကို မှတ်မိကြမယ်ထင်ပါကြောင်း၊ လျှပ်စီးတွေလက်ပြီး မိုးတွေထစ်ချုန်းတဲ့ညတွေမှာ ကြောက်တယ်လို့အော်ကြပြီး အဖေ၊ အမေတို့ရဲ့ရင်ခွင်ထဲကို တိုးဝင်ခဲ့ကြတာတွေ၊ သူတို့မူကြိုကျောင်းကိုစတက်ရတော့မယ်ဆိုတော့ သူတို့ကဂုဏ်ယူဝင့်ကြွားပြီး စိတ်အားတွေထက်သန်နေကြကြောင်း၊ ဒါပေမဲ့ကျောင်းကိုရောက်ပြီး မိနစ်ပိုင်းအတွင်းမှာအမေနဲ့ခွဲရမှာမို့ ငိုမဲ့မဲ့ဖြစ်ကုန်ကြကြောင်း၊ သားသမီးတွေအဝေးကိုထွက်သွားတဲ့အခါ မိဘတွေအဖို့တစ်ဦးနှင့်တစ်ဦး ပိုပြီးတွယ်တာလာကြပြီး ရင်ခွင်ထဲမှာထွေးပိုက်ခဲ့ကြတဲ့အချိန်၊ သူတို့နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို အတူတကွလွမ်းတမိပါကြောင်း၊ သားသမီးတွေပထမဦးဆုံးစွန့်စားပြီး ခွဲထွက်သွားတုန်းက သူတို့ဟာ အာကာသထဲကအမျိုး အမည်မသိတဲ့အလင်းရောင်တန်းကြီးနဲ့ အချိန်ဆီကိုပျံသန်းသွားကြတယ်လို့ ခံစားမိပါကြောင်းနှင့် စာအုပ်ပါအကြောင်အရာများအား ဆွေးနွေးခဲ့ပါသည်။
Book Club အသင်းမှ အဖွဲ့ဝင်မအေးအေးသင်းက “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးရာတွင် အစိမ်းသက်သက်ဖြစ်နေတဲ့ နေရာဒေသတွေကို ချေခြရာမှာ သံမဏိစည်းကမ်းစည်းမျဉ်းတွေ တားဆီးထားသလို ပြုမူခဲ့ကြတာဖြစ်ကြောင်း၊ ခြေတစ်လှမ်းအရှေ့ကို တိုးလိုက်ခြင်းဟာ မိမိတို့သက်တံကြီးရဲ့ ဟိုဘက်မှာရှိတဲ့ နေရာတစ်ခုကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊စွန့်စားမှုခရီးကို သွားရမယ့်လမ်းတွေဟာ ဘယ်တော့မှမဝေးကွာကြပါဘူး။ အဲ့လိုလမ်းတွေအများကြိးရှိကြောင်းနှင့် လမ်းတွေရဲ့အစကတော့ ကိုယ့်ရဲ့အိမ်ရှေ့မှာဖြစ်ပါကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးပါသည်။
ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင်ဦးမင်းဦးက “မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့”ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးရာတွင် လူတွေဟာသူတို့ရဲ့ ဘဝအကျပ်အတည်းတွေကြားထဲက ရာယ်မောစရာတစ်ခုခု ရှာဖွတွေ့သွားတဲ့အခါ ရေရှည်မှာ ငိုတဲ့သယတွေထက် ပိုပြီးနေသာထိုင်သာရှိသွားကြပြီး ငိုတယ်ဆိုတာ မျှော်မှန်းထားတာနဲ့ ဆန့်ကျင်ဘက်ရလဒ်ရသွားတာ ဖြစ်ကြောင်း၊ အကောင်းမြင် အတွေးကို တွေးသင့်ကြောင်းတို့ကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုမင်း ( ခရမ်း )