သံတွဲ စက်တင်ဘာ ၁၇
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကသွင်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန် “လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး”ဟူသည့် ဦးတည်ချက်နှင့်အညီဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂း၃၀ နာရီက သံတွဲမြို့ အ.ထ.က(ခွဲ)မြို့မကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ခင်စိုးက အဖွင့်အမျာစကားပြောကြားသည်။ ထို့နောက် Youth Club အဖွဲ့ဥက္ကဋ္ဌ ကိုမင်းဒီပါကျော်က လူငယ်မှလူငယ်သို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ကိုညီနိုင်းထက်က လူငယ်နှင့်နည်းပညာ၊ အဖွဲ့ဝင် ဦးအောင်မင်းထက်က လူငယ်နှင့်တန်ဖိုးခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောပေးခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)