လောက်ကိုင်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနားကျင်းပ

လောက်ကိုင် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဇော်ထွန်းငြိမ်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း ဆရာ/ဆရာမများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးခန်းမတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာဇော်ထွန်းငြိမ်းက (HPV)ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက(HPV)ကာကွယ်ဆေးနှင့်ပတ်သက်၍ သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကြက်‌ခြေနီအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၅၆)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)