စစ်တွေမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

စစ်တွေ စက်တင်ဘာ ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုကို ကျင်းပ ဆောင်ရွက်လျက်ရှိရာ ကာယဗလဖွံ့ဖြိုးရေးအတွက် စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပကို ယမန်နေ့က စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ အမျိုးသား‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဝါတိုယာအသင်းနှင့် Silent အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဝါတိုယာအသင်းက ၅ဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ အကောင်းဆုံးဂိုးသမားဆုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ကလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုကို မြို့နယ်လဝကဦးစီးမှူး ဦးစိန်သာထွန်းလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ််ခိုင်မြတ်သူက ဒုတိယဆုရရှိသော Silent အသင်းအားလည်ဆွဲဆုတံဆိပ်နှင့် ဆုငွေများကိုပေးအပ်ချီးမြှင့်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က ပထမဆုရရှိသော ဝါတိုယာအသင်းအား လည်ဆွဲဆုတံဆိပ်၊ ဆုငွေနှင့်တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

စစ်တွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25 ကလပ်ပေါင်းစုံ) အမျိုးသားဘောလုံးပြိုင်ပွဲ ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြင့်စိုးဦး(ပြန်/ဆက်)