ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး Talk Show ပြုလုပ်

မောင်တော စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန  Community Center ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဦးစီးအရာရှိ ဦးအေးမြသန်းတို့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ကာကွယ်ရေးအသိပညာပေး ပြောကြားရာတွင် လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုး ပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီး တရားမဝင်ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆိုအမျိုးသမီးများ၊ ကလေးသူငယ်နှင့်လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်  ထောင်ဒဏ်နှင့်ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှု၊ ပြစ်ဒဏ်များဆောင်ရန်၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားနိုင်ရန်အတွက်  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအားပြောကြားကာ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုအခြေအနေများ ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်  

ခရိုင်(ပြန်/ဆက်)