ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်  စက်တင်ဘာ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Onlineမှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေ ရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက(Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးခံမှုအခြေအနေများ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာ ပေးအကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)