စမ်းချောင်းမြို့နယ်တွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စမ်းချောင်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၉)နာရီက မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့‌ကြကြောင်း သိရသည်။          

အဆိုပါအသိပညာပေးဆွေးနွေးပွဲ အခမ်းအနားတွင် ခရိုင်မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းတိုးအောင်က အဖွင့်အမှာစကားပြောကြား၍ အလုံခရိုင်အတွင်းရှိ အလုံမြို့နယ် သန့်ရှင်းရေးတာဝန်ခံမှ အမှိုက်စွန့်ပစ်မှုအကြောင်း အသိပညာပေးပြောကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြ၊ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်()ဗိုလ်မှူးသက်ထွန်းဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မိုး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသူစုစုပေါင်း(၂၇၆)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူများအား အသိပညာပေး လက်ကမ်းများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

နီလာစိုး