မအူပင် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်း ကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လယ်ကိုင်းဘုန်းတော်ကြီး ကျောင်းသာသနာ့ဗိမ္မာန်တော်ကြီးတွင် စက်တင်ဘာလ (၁၂)ရက်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာလယ်ကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းမော်ကိုယ်စား ကျောင်းအကျိုးဝောာ်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ စာကြည့်တိုက်များဖောင်ဒေး ရှင်းဒုတိယဥက္ကဋ္ဌ အငြိမ်းစားကျောင်းအုပ်ဆရာကြီးဆရာဦးစိုးမှ ပညာသင်ကြားရေးနှင့် စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ကျောင်းပြင်ပပညာရေးမြို့နယ် ကြီးကြပ်ရေးမှူးဆရာကြီးဦးဘိုထွေးမှ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ၎င်းနောက် တာဝန်ရှိသူများက ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအားရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေး များကစိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြသည် အဆိုပါအသိပညာပေးဟောပြောပွဲသို့ လယ်ကိုင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်း Grade (6)မှ Grade (12)ထိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)