ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်နှင့်အားကစား အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကိုယ်လက်လှုပ်ရှားကစားသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ဟောပြောသည့် အားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား အထက်တန်းပြဆရာတစ်ဦးက အမှာစကားပြောကြားခဲ့ကာ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း၂၃၀ ဦး တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌နှင်းမမဦးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)