လယ်ဝေး စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက လူငယ်နှင့်စာရိတ္တ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က စာရိတ္တနှင့်ပတ်သက်ပြီး လူငယ်တွေသိသင့်သည့် အကြောင်းအရာများ၊ စာရိတ္တနှင့်ပြည့်စုံခြင်း၊ စာရိတ္တဗလနှင့်ပြည့်စုံတဲ့အခါ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ စာရိတ္တဗလနှင့်ပြည့်စုံရန် မည်ကဲ့သို့ ပြုမူနေထိုင်ရမည် စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကို လယ်ဝေးမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)