သတင်းများ

မင်းပြားမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်
Sep 16,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့က မင်းပြားမြို့၌ ဆောင်ရွက်ခဲ့သည်။
ပဲခူးမြို  သီရိမင်္ဂလာ ဇေတဝန် ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးများမှာ အပူလွန်ကဲမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Sep 16,2023
ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ နန်းဦးလမ်းရှိ သီရိမင်္ဂလာဇေတဝန်ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ အထောက် အကူပြု ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့ဖြင့် သွားရောက်၍ ငြှိမ်းသတ်ခဲ့ရာ (၀၀:၃၅)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 16,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌  ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ညနေ ၃ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV  အကြောင်း အသိပေး ဆွေးနွေးပွဲကျင်းပ
Sep 16,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကိုယမန်နေ့၊ မွန်းလွဲ ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပ
Sep 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က- ၂ ကျောင်းတွင် အောက်တိုဘာလ (၅) ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီတွင်ကျင်းပခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး
Sep 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း  အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်၊ အ.ထ.က-ခွဲ(အောင်သာ)တွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Sep 16,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ကျောင်းသား၊ ကျောင်းသူများ  အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီခွဲက အခြေခံပညာအလယ် တန်းကျောင်းခွဲ (အောင်သာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်​ထောင်စု(၇၂၀)အား (၅)ကြိမ်မြောက် ​စျေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 16,2023
မကွေးတိုင်းဒေသကြီး, မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများ စားဝတ်နေရေး  အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ဆန်ကုန်သည်များအသင်း  စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ (၅)ကြိမ်မြောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။