မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး

မိုင်းကိုင်   စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း  အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးအောင်စိုးဦးက  အဖွင့်အမှာစကားပြောကြားပြီး  တက်ရောက်လာကြသော  တာဝန်ရှိသူများက  ကျောင်းသား၊ ကျောင်းသူ ၉၈ ဦးတို့အတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  သက်ဆိုင်ရာ  ကျောင်းအုပ်ဆရာမ ကြီး၊ ဆရာ/ဆရာမများနှင့်  ကျောင်းသားကျောင်းသူများထံသို့  လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိပြီးသည့် ကျောင်းသားကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ  ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ ဂဏန်း ၁၀လုံး QR Code ပါသည့် Unique ID ကတ်ပြားများ ကို တစ်ပါတည်း  ထုတ်ပေးခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)