အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကျင်းပ

အိမ်မဲ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က- ၂ ကျောင်းတွင် အောက်တိုဘာလ (၅) ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီတွင်ကျင်းပခဲ့သည်။

စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်မှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၁)ဦးက စာစီစာကုံးတွင် မွန်မြတ်လှပေ ဆရာဘဝ ခေါင်းစဥ်၊ ကဗျာတွင်လမ်းပြကြယ်ပမာ မြတ်ဆရာ ခေါင်းစဥ်များဖြင့် ဖြေဆိုလျက်ရှိပြီး ဆုရရှိသူများကို ကမ္ဘာဆရာများနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ)