အမ်း စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ညနေ ၃ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစန်းဝင်းက အနာဂတ်ကာလ၌ နိုင်ငံ့တာဝန်များကိုပခုံးပြောင်းထမ်းရွက်ကြမည့်ကျောင်း သားကျောင်းသူလူငယ်များ အားကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသောဗလငါးတန် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ လူငယ်စကားဝိုင်းများ၊စာပေစကားဝိုင်း၊ အသိပညာပေးဟောပြောပွဲများနှင့်ပြပဲွဲပြခန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကိုဗစ်ကာလနောက်ပိုင်း၌ စားဝတ်နေရေးအခက် အခဲများကြောင့်ကျောင်းနေအရွယ် ကလေးသူငယ်များလုပ်ငန်းခွင်များ၌ မြင်တွေ့လာခဲ့ကြ၍ခုလို ကလေးအလုပ်သမားပပျောက်စေရေးအတွက် ကလေးအလုပ်သမား အသိပညာပေး ဟောပြောပွဲ အစီအစဥ်များကို ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း ကလေးအလုပ်သမားနှင့် ပတ်သက်၍အဓိပ္ပါယ်ဖွင့်ဆိုချက် ကလေးအလုပ်သမားများ၏အသက်အရွယ်ကလေးအလုပ် သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများအားလည်းကောင်း ကလေးသူငယ်ဥပဒေများအား လူငယ်တိုင်းသိရှိထားသင့်၍ ရှင်းလင်းပြောကြားခဲ့ပါကြောင်းပြော ကြားခဲ့သည်။
ဆက်လက်ပြီးစာပေမြတ်နိုးသူလူငယ်များအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား လေ့လာကြည့်ရှုစေပြီးမြို့နယ် ဦးစီးအရာရှိ က စာစောင်ပါအ ကြောင်းအရာများနှင့်ကလေးသူငယ်များ၏ရပိုင်ခွင့်အခွင့်အရေးများနှင့်သိရှိလိုသည်များ အားရှင်း လင်းပြောကြား ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက် )