ပဲခူးမြို  သီရိမင်္ဂလာ ဇေတဝန် ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးများမှာ အပူလွန်ကဲမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

ပဲခူး စက်တင်ဘာ ၁၆

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ နန်းဦးလမ်းရှိ သီရိမင်္ဂလာဇေတဝန်ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက အုပ်ချုပ်မှုယာဉ်()စီး၊ မီးငြှိမ်းသတ်ယာဉ်()စီး၊ မီးသတ်ရေသယ်ယာဉ်()စီး၊ အထောက် အကူပြု ယာဉ်()စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ()ဦးတို့ဖြင့် သွားရောက်၍ ငြှိမ်းသတ်ခဲ့ရာ (၀၀:၃၅)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ကျောင်းထိုင်ဆရာတော် ဦးအာသဘဘိဝံသ၊ ဝါတော်(၅၅) အသက်(၇၅) နှစ်၏ ကျောင်းဆောင် (၄၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း()ထပ် ကျောင်းဆောင်တွင် နှစ်ကာလကြာမြင့်အသုံးပြုတပ်ဆင်ထားသော ဝါယာကြိုးများမှာ အပူလွန်ကဲပြီး အနီးရှိ ပျဉ်အား ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၄၀x၄၀)ပေ၊ သွပ်မိုး၊အုတ်ကာ၊ ပျဉ်ခင်း ()ထပ် ကျောင်းဆောင် ()လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)