သတင်းများ

ပုသိမ်မြို့ အ​ခြေခံပညာအထက်တန်းကျောင်းခွဲ(လ-၃) တွင် လူငယ်စကားဝိုင်းပြုလုပ်
Sep 16,2023
လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှုပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာ အထက်တန်းကျောင်းခွဲ(လ-၃)တို့ ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အဆိုပါကျောင်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ
Sep 16,2023
ယနေ့ခေတ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အ-လ-က ခွဲ မ (၁) စာသင်ကျောင်းတွင် ကျင်းပခဲ့သည်။
ဟင်္သာတမြို့နယ်တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ နတ်မော်အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အတတ်ပညာအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အဆိုပါကျောင်း အစည်းဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ​မြေပြိုကျ၍ တောင်ခြေရှိ လူနေအိမ်(၂)လုံးပြိုကျပျက်စီး
Sep 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ အောက်ကျောက်ဝပ်ကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုကျ၍ တောင်ခြေရှိ လူနေအိမ် (၂)လုံးပြိုကျပျက်စီး သွားခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်​ရေးနှင့်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်အုပ်ချုပ်​ရေးမှူးမှကွင်းဆင်းကြည့်ရှုစစ်​ဆေး
Sep 16,2023
မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်​ရေးနှင့်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခြင်းကို ယ​မန်​နေ့နံနက် ၉ နာရီ အချိန်က ​ခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ဌေး​ကျော်ကြီးကြပ်သည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ချောက်မြို့နယ်၊ စ​လေမြို့အတွင်းကွင်း ဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ပေါင်းတည်၌ စနစ်တကျ ငှက်ပျောဥယျာဉ်ခြံစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိ
Sep 16,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုကုန်းကျေးရွာ၌ စနစ်တကျ ငှက်ပျောစိုက်ပျိုးသူများသည် စျေးကောင်းရရှိမှုကြောင့် မိသားစုဝင်ငွေကောင်းလျက်ရှိသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိုင်းဆွေးနွေးပွနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Sep 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူထုအခြေပြု ငှက်ဖျား‌ရောဂါကာကွယ်ရေးစီမံကိန်း (Township Coordination Meeting )နှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ငပုတောမြို့ အ​ခြေခံပညာအထက်တန်းကျောင်း ကမ်းနီကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။