ပျော်ဘွယ် စက်တင်ဘာ ၁၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီခွဲက အခြေခံပညာအလယ် တန်းကျောင်းခွဲ (အောင်သာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရမည့်အကြောင်းအရာများ၊ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန် လေ့လာသိရှိထား သင့်သည့်အကြောင်းအရာများ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲပြီးနောက် အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာ ပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှု ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)