သတင်းများ

ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV စတင်ထိုးနှံ
Sep 18,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် စတင် ထိုးနှံပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး
Sep 18,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လိုက်လံဆောင်ရွက်ပေးသည်။
ဘုတ်ပြင်းမြို့ ချောင်းကဖီးကျေးရွာ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး
Sep 18,2023
ဥပဒေရေးရာဝန်ကြီးဌာန၊ တတိယအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ပဲခူတိုင်းဒေသကြီး (အနောက်ခြမ်း) အတွင်း ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ဥပဒေရုံး၌ ကျင်းပခဲ့သည်။
ဘောဂလိမြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ
Sep 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီအချိန်က ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျောင်းသား/သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Sep 18,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၂)ဖြင့် ယနေ့နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အ.ထ.က (မြို့မ) ကျောင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။