ချောင်းဆုံမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး
Sep 18,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ပေးခြင်းကို Gavi အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့က မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။