ဘုတ်ပြင်းမြို့ ချောင်းကဖီးကျေးရွာ၌ လူငယ်စကားဝိုင်းကျင်းပ

ဘုတ်ပြင်း စက်တင်ဘာ ၁၈

ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာပညာဦးစီးဌာနတို့ ပူးပေါင်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က ချောင်းကဖီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာသိန်းက အဖွင့်အမှာစကားပြောကြားသည်။ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းတို့က လူငယ်များဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှုရရှိစေရေး တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေရန်စသည့်  လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍  Grade-10 ကျောင်းသူ မဇင်မာအေး၊  Grade-11 ကျောင်းသား မောင်အောင်မင်းဇင်၊ Grade-9 ကျောင်းသား မောင်ဘုန်းခန့်ကျော်၊  Grade-11 ကျောင်းသူ မဆောင်းသဇင်သင်း၊ Grade-10 ကျောင်းသူ မသက်သက်စိုးတို့က ကျောင်းသားနှင့် အားကစား၊ အဂတိလိုက်စားမှုကင်းစင်တို့ဝန်းကျင်၊ လူငယ်နှင့်လူမှုဝန်ထမ်းစိတ်၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်စသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးကြပြီး တက်ရောက်လာသည့်  ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များ မေးမြန်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)