သတင်းများ

မိုးမိတ်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုရ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က လေးမျက်နှာ) ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လေးမျက်နှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က လေးမျက်နှာ) ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၊ (အ.မ.က)ပန်းတော မူလွန်ကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Sep 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ (အ-မ-က) ပန်းတော မူလွန်ကျောင်းတွင် (အသက် ၉ နှစ်မှ ၁၂ နှစ်) အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါကျောင်းသို့သွားရောက်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် မိုးစပါးသီးနှံတစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးအပြီး သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး မိုးစပါး  သီးနှံတစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးအပြီး သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ် လ.ခွဲ.မ(၂)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို လ.ခွဲ.မ(၂)ကျောင်းတွင် ယနေ့‌နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ကဝမြို့နယ် အ.ထ.က(ကဝ)ကျောင်း၌ အသက်(၉)နှစ်ပြည့်ပြီးအသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး
Sep 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အ.ထ.က(ကဝ)ဆရာကျော့ခန်းမ၌ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူ(၆၂)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 18,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာ်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း၊ မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝါးခယ်မမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံ
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဒီကနေ့နံနက် ၉ နာရီအချိန်က ဝါးခယ်မမြို့၊ ဈေးရပ်ကွက် အ.မ.က‌ ဈေးကျောင်းနှင့် ကျုံမငေးမြို့ အ.ထ.က စက်ရုံကျောင်းတို့တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။