ဆင်ပေါင်ဝဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ဆင်ပေါင်ဝဲ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်က ရှစ်မျက်နာဘုရားဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်း ဦးဆောင်သော ဝန်ထမ်းများက အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် လေပြင်းမုန်တိုင်းဘေးအန္တရာယ်ကာကွယ်ရန်၊ မုန်တိုင်းမကြရောက်မှီ ကြိုတင်ပြင်ဆင်ရန်၊ မုန်တိုင်းဖြစ်ပွားပြီးအချိန်တွင် လုပ်ဆောင်ရမည့်အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုမှုများကိုသိရှိစေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များကို အသံချဲ့စက်ဖြင့် နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)