သတင်းများ

စမ်းချောင်းမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊  အလုံခရိုင်၊  စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲပြုလုပ်
Sep 18,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူလေးများအား အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အ.ထ.က(ခွဲ) မြို့မကျောင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး
Sep 18,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျိုက်လတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီက စတင်ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် စားသုံးသူပြည်သူများအား လက်လီရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် ယမန်နေ့ နံနက်ပိုင်းက စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ပြည်သူများအား လက်လီအမှန် ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Sep 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) တို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်) ငွေစံပယ်ခန်းမ၌ ကျင်းပသည်။
အိမ်မဲမြို့နယ်တွင် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 18,2023
ဧရာဝတီတိုင်းဒေသကြိး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်း၍ အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အထက -၂ ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။