ပန်ဆိုင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးတက်မြင့်မားရေးနှင့် စာဖတ်ရှိန်ပိုမိုတိုးတက်လာစေရန် ယနေ့နံနက်(၁၀)နာရီအချိန်က Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဇင်မာဖြိုးက စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ရခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော Book Club အဖွဲ့ဝင် ဦးနေမျိုးထွန်းက ပန်းလိုချင်အပင်ပျိုးတတ်မှ ခေါင်းစဥ်ဖြင့် ဆွေးနွေးရာတွင် ပန်းလှလှကိုရလိုလျှင် ဥယျာဥ်မှူးကောင်းဖြစ်ရန်လိုအပ်ကြောင်းနှင့် သားသမီးကောင်းရလိုလျှင် ကိုယ်တိုင်မိဘကောင်းဖြစ်ရန်လိုအပ်ကြောင်း အသက်မွေးမှုတစ်ခုပညာကိုယ်စီရှာကြရာ၌ ဝါသနာနှင့်ကိုက်ညီရန်လိုအပ်ကြောင်း ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ စာအုပ်တွင်ပါဝင်သော ခေါင်းစဉ်ငယ်များကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သုံးသပ်ချက်တို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ပန်ဆိုင်း(ပြန်/ဆက်)