မိုင်းခတ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၊ကျောင်းအုပ်ကြီးရုံးခန်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်၍ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းပျမ်းမုန့်နှင့် ကျန်းမာရေးဆရာမများက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးပြီး အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လွင်နှင့် ဆရာမများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးစောင့်ရှောက်ခဲ့ကြသည်။
ပြည်သူ့ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးရာတွင် (၁.၉.၂၀၁၁)ခုနှစ်မှ (၃၁.၈.၂၀၁၄)ခုနှစ်အတွင်း မွေးဖွားသော အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများအား ထိုးနှံပေးခြင်းဖြစ်ရာ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို စက်တင်ဘာ(၁၈)ရက်နေ့မှ စက်တင်ဘာ(၂၉)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို အောက်တိုဘာ (၁၆)ရက်နေ့မှ အောက်တိုဘာ(၂၇)ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)