လေးမျက်နှာ စက်တင်ဘာ ၂၉
လေးမျက်နှာမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော် မျိုးစေ့ ထုတ်လုပ်စိုက်ပျိုးရန် စီမံကိန်းတာဝန် ပေးအပ်ပွဲကို ယနေ့နံက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကား ပြေကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောဝင်းရွှေက ဆောင်းနေကြာ စိုက်ပျိုးရေးနှင့် ပိုက်ဆံလျှော် မျိုးစေ့ ထုတ်လုပ် စိုက်ပျိုးရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လေးမျက်နှာမြို့နယ်အတွင်း ဆောင်းနေကြာ ၁၁၀၃၅ ဧကနှင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်လုပ် စိုက်ပျိုးရန် ၂၈၀၀ ဧကတို့အား စိုက်ပျိုးမည့် တောင်သူများထံ စီမံကိန်းတာဝန်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ရွှေ ပြန်/ဆက်