မိတ္ထီလာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၂၉

မိတ္ထီလာမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများ၏သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားကိုယ်စား လှယ်တစ်ဦးထံသို့ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းအား စက်တင်ဘာလ ၄ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက် နေ့အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၅ဝ) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ