တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စံပြကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

တံတားဦး စက်တင်ဘာ ၂၉

တံတားဦခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စံပြကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၇) နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ ပင့်လျှောက်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအားအရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် သံဃာတော်များမှ အဆိုပါလမ်းတွင် နေရာခွဲ၍ ပရိတ်ကမ္မဝါစာများ ရွတ်ဖတ်ပေးကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။ ထို့နောက် ကျေးဇူးတော်ရှင် သူငယ်တော် တောရဆရာတော်အား ရည်ဇူးအမှူးပြုပြီး လမ်းသစ်ဖွင့်ပွဲသို့ ကြွရောက်လာကြသည့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းမှ သူငယ်တော်တောရဆရာတော်၏ တပည့် ဘဒ္ဒန္တမောဓိယလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော်မှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြသည်။ ဆက်လက်၍ စံပြကွန်ကရစ်လမ်းသစ်အား သူငယ်တော်ကျေးရွာ ကျောင်းသစ်ကျောင်း သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ၊ သူငယ်တော် တောရ ဘဒ္ဒန္တ မောဓိယလင်္ကာရ၊ ဘဒ္ဒန္တ ခေမာစာရလင်္ကာရ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်၊ အလှူရှင် ဦးစိုးဝင်း၊ လမ်းဖြစ်မြောက်ရေးကော်မတီ ဦးဝင်းအောင်နှင့် ဦးထွန်းလွန်းဝင်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်အား အမွှေးနံ့သာရည်များပက်ဖျန်း၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း ပေးကြသည်။

ယခင်က အဆိုပါလမ်းသည် မြေသားလမ်းဖြစ်ပြီး ယခုအခါ အလျား(၇၅၀)ပေ၊ အကျယ်(၁၂)၊ အမြင့် (၆)လက်မ၊ စုစုပေါင်း ငွေကျပ်သိန်း(၁၅၀)ကျော် ကုန်ကျပြီး ကွန်ကရစ်လမ်းသစ်ဖြစ်သည်။ ထို့နောက် စံပြကွန်ကရစ်လမ်းဖြစ်မြောက် ရေး မတည်အလှူရှင် သူငယ်တော်ကျေးရွာ ဦးစိုး+ဒေါ်ခင်စန်းဝင်း မိသားစုမှ ငွေကျပ်(၁၂)သိန်း၊ ဦးကျော်သူ+ဒေါ်ဇင်ဇင်ဦး မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ဦးထွန်းထွန်းဝင်း+ဒေါ်သိန်းဌေး မိသားစုမှ ငွေကျပ်(၇)သိန်း၊ ဦးခင်မောင်တိုး+ဒေါ်အိဖြိုးမြင့် မိသားစုမှ ငွေကျပ်(၆)သိန်း၊ ဦးမြင့်ဝေ+ဒေါ်ကြည်စန်း၊ ဦးကိုရင်ဒေါ်ဝါဝါခိုင်၊ ဦးခင်ကျော်+ဒေါ်ညွန့်ကြည်၊ ဦးစိုးဝင်း+ဒေါ်အိအိထေး(B.W-အုတ်လုပ်ငန်း၊ ဦးအောင်ကြည်+ဒေါ်ချိုမာ၊ ဦးထီ+ဒေါ်သန်း မိသားစုတို့မှ အလှူငွေကျပ်(၅)သိန်းစီဖြင့်လည်းကောင်း၊ လိုအပ်သည့်  အလှူငွေများကို ရပ်နီး၊ ရပ်ဝေး အလှူရှင်များမှ မိမိတို့ စေတနာတတ်အားကရွေ့ လာရောက် ကုသိုလ်ပါဝင်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာတွင်းလမ်းများကို အဆင့်မြင့်ကွန်ကရစ်လမ်းဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီ တစ်ဦးထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)