ဘိုကလေး စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ(၂၀၁၉) အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အခမ်းအနားတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ် ဦးနိုင်းလိန်းဟုန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က ကလေးသူငယ်များနှင့် ပတ်သတ်သည့် အခြေခံမူများ၊ အခွင့်အရေးများ၊ ကလေးသူငယ်များအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများဖြင့် အကြမ်းဖက်မှုများ၊ လွဲမှားစွာ ပြုကျင့်မှုများ၊ လျစ်လျူရှုခြင်းများ အပါအဝင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)အား အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူများက သိရှိလိုသည်များအား မေးမြန်းရာ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့ကြကြောင်းနှင့် အသိပညာပေး ဟောပြောပွဲသို့ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်အပါအဝင် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)