ဇီးကုန်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်ခဲ့သော ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက အခြေ ခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဌေး၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးဉာဏ်ကြည်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
သင်တန်းဆင်းပွဲ၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးဉာဏ်ကြည်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ သင်တန်းသားများက သင်တန်းတွင်သင်ကြားခဲ့သောခန္ဓာဗေဒဖွဲ့စည်းပုံ၊ ရေးပေါ်လူနာအားစမ်းစစ်ခြင်း၊ ရှေးဦးပြုစုခြင်း၏သဘောတရား၊ အခြေခံပတ်တီးစည်းနည်းများနှင့် အခြေခံအသက်ကယ်အထောက်အကူပြု(CPR)နှလုံးနှိုးဆွခြင်းတို့ကိုလက်တွေ့သရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ သင်တန်း ဆင်းလက်မှတ်များနှင့်ထူးချွန်ဆုရရှိသူများအား မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)