သတင်းများ

နတ်တလင်းမြို့နယ်၌ ၂၀၂၃ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Oct 04,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ရွာမရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 04,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး လူငယ် ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၂ နာရီခွဲက အခြေခံပညာ အထက်တန်း(မြို့မ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Oct 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ပဆငမှ ဘဲချောင်းရွာဝင်လမ်း ကွန်ကရစ်ခင်းခြင်း (၀/၂.၈၆ မိုင် × ၁၂' × ၇") with Subgrade Course လုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွေးကိုကိုနှင့် မြောင်းမြခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သန္တာဝင်းတို့မှ ‌(၃-၁၀-၂၀၂၃)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။
ကလေးဝမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 04,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၁၀ နာရီက စတင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပပေါက်ဈေးထက် ထက်ဝက်ခန့် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ သည်။
ဘားအံမြို့၌ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Oct 04,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဘားအံမြို့ အ-ထ-က (၄) ကျောင်းခန်းမတွင် ယနေ့နံနက် (၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်ပညာရေးမှူး ဆရာမကြီးနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေပြုလုပ်
Oct 04,2023
ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 04,2023
မန္တလေးတိုင်းဒေသကြီး(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းတရားလွှတ်တော်ဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့် သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၉၅၀၆ သိန်းထုတ်ချေးပေးနိုင်ခဲ့
Oct 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့က  စီမံကိန်းဝင်ကျေးရွာပေါင်း  ၂၂ ရွာကို အားလုံးထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ သိရသည်။