ကသာ အောက်တိုဘာ ၄
ကသာခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက် ၍ ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးဟိန်းကိုဦးက ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြေပေါ် ရေ အရည်အသွေးတိုင်းတာမှု အခြေအနေ လေထုအရည်အသွေးတိုင်းတာမှုအခြေအနေနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ၏ အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များက ပတ်ဝန်း ကျင် ထိန်းသိမ်းမှုဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ခရိုင်ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ထပ်ဆင့်ဖြည့်စွက်ဆွေးနွေးပြီး ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသော အယ်နီညို၏ နောက်ဆက်တွဲ ဖြစ်လာနိုင်သော အကျိုးဆက်များကို ကြိုတင်မျှော်တွေးပြင်ဆင်ကြရန်၊ သောက်သုံးရေပြည့်စုံဖူလုံရေးအတွက် သက်ဆိုင်ရာဌာနများက ကြိုတင်လေ့လာဆောင်ရွက်ကြရန်နှင့် လာမည့်(၃) လအတွင်း အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)