ကလေးဝမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကလေးဝ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက် ၁၀ နာရီက စတင်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပပေါက်ဈေးထက် ထက်ဝက်ခန့် သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ သည်။

ထိုသို့ရောင်းချပေးရာတွင် ကလေးဝမြို့မစျေးကြီးရှိ ဒေါ်မြင့်ကြည်ဆီဆိုင်၌ ဒေသခံအိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ ငါးဆယ်ကျပ်သားကို ငွေကျပ် ၂၈၀၀ ကျပ်နှုန်းဖြင့်၊ အမှတ် (၂) ရပ်ကွက်ရှိ ဒေါ်အေးအေးခိုင်ဆိုင်၌ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ ငါးဆယ်ကျပ်သားကို ငွေကျပ် ၂၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ သည်။

စားအုန်းဆီများ ရောင်းချပေးရာသို့ မြို့နယ်စားအုန်းဆီများ ဖြန့်ဖြူရောင်းချနိုင်ရေး ကြီးကြပ်အဖွဲ့က ပြည်သူများထံ စားအုန်းဆီရောင်းချပေးနေမှုအား အရောင်း ဆိုင်များတွင် စျေးနှုန်းအရေအတွက် ဖော်ပြခြင်းရှိ/မရှိနှင့် သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချမှု ရှိ/မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)