နတ်တလင်းမြို့နယ်၌ ၂၀၂၃ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

နတ်တလင်း အောက်တိုဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီအချိန်က ရွာမရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်မှ အမှာစကားပြောကြားရာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆင့်ပွားသင်တန်းတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းမေးခွန်းလွှာအား မေးမြန်းဖြည့်သွင်းခြင်း နည်းလမ်းများကို သက်ဆိုင်ရာ အပိုင်းကဏ္ဍအလိုက်ပို့ချခြင်း၊ Mobile Phone/Tablet တွင် Commcare App အား အသုံးပြု၍ စာရင်းကောက်ယူရာတွင် လုပ်ဆောင်ရမည့် အချက်များအား သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို ၂ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာအိဝေကျော်ထံမှ သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)